ကျော်ကြီးကြံရင် ခံနိုင်ရိုးလား ?
ကြယ်စင်က သူကြီးသမီး
မာနကလည်းကြီးလိုက်တာ ခေါင်ခိုက်လို့။
ကြီးမှာပေါ့ သူ့ရွာမှာတော့သူကအချောဆုံးကိုး...။
ရွာကကောင်တွေဘယ်ကောင်မှ သူ့အနားကပ်လို့မရ။ ကြယ်စင်က သူတို့ကိုတူတယ်တန်တယ်လို့တော င်မထင်၊ သောက်ဖက်မလုပ်။
ရွာကကောင်တွေကလည်း သူကြီးထိပ်တုံးကြောက်တော့ အနားမကပ်ရဲကြဘူး။
အဲ့တော့
ကြယ်စင်နဲ့ ရွာထဲကကောင်တကောင်နဲ့ငြိဖို့ဆိုတာ ပုံပြင်တွေထဲကလို ဘယ်လိုမှမဖြစ်နိုင်ဘူး။ မဖြစ်နိုင်တော့ ရွာထဲကောင်တွေကလည်းမစားရညှော်ခံဘ ယ်သူမှမကြိုးစားကြတော့ဘူး။
ဒါပေမဲ့ ကျော်ကြီးပြန်လာဘီ..!
ကျော်ကြီးက ဒီရွာသား...။
မြို့မှာကျောင်းသွားတက်တာ။
ဆယ်တန်းတဘုန်းဘုန်းကျလို့ သူ့မိဘတွေက
ရွာပြန်ခေါ်လိုက်တယ်။
ဒီကောင်က သောက်ပျင်း..။
ဘာအလုပ်မှဟုတ်တိပတ်တိ မလုပ်ချင်ဘူး။
အားလုံးတက်ကြငါ့ထော်ဂျီဆိုပြီးတော့ဘော်ဒါတွေကိုတင်ပြီး အရက်ဆိုင်လိုက်ပို့ရလောက်အောင်လည်းရေမလျှံဘူးလေ။
သောက်လုပ်တာမလုပ်ချင်တာ သူဌေးကဖြစ်ချင်တယ်။ ဖြစ်ချင်တော့ ဉာဏ်ဝါဉာဏ်ပြာတွေထွက်အောင် ညှစ်တာပေါ့။ ညှစ်တော့ ဂွင်ကြီးကြီးကိုသွားတွေ့တယ်။ အဲ့ဒါကတော့ ကြယ်စင်...။
ကြယ်စင်က လူကြီးသမီးဆိုတော့ရေလျှံတယ်။ ဘယ်ကောင်မှ လက်ဖျားနဲ့တောင်မထိရသေးတော့အကိတ်ကြီး။ တံဆိပ်တောင်မခွာရသေးဘူး။ ဂွင်တည့်ရင် မြှားတချောင်းတည်းနဲ့ ပေါက်စီရော စမူဆာတွေရော ဒင်္ဂါးတွေရောရမှာ 😋။
အာ့ကြောင့် ကျော်ကြီးလှုပ်ရှားပြီ...။
သူကြီးအိမ်နောက်ဖေးမှာ နေ့တိုင်းသွားသွားချောင်းတယ်။ တစ်နေ့တော့ ကြယ်စင်လေးနောက်ဖေးကိုထွက်လာတယ်။
( အဲ့ဒီခေတ်က တောရွာတွေမှာ အပေါ့အပါးသွားရင်နီးစပ်ရာခြုံပုတ်နားမှာ အဆင်ပြေသ လိုသွားကြတဲ့ခေတ် )
ကြယ်စင်လေး နောက်ဖေးထွက်လာပြီးအပေါ့သွားတယ်။ မောင်ကျော်ကြီးကလည်း ချောင်းကြည့်နေတယ်။ ကြယ်စင်လေးက အပေါ့သွားပြီး အိမ်ထဲပြန်ဝင်ခါနီးမှာ ကျော်ကြီးကဝှစ်ကနဲပြေးလာပြီး ကြယ်စင်လေးအပေါ့သွားခဲ့တဲ့ မြေပြင်ပေါ်ကချိုင့်ခွက်လေးကိုလက်ညိုးနဲ့ တစွပ်စွပ်ထိုးနေတော့ ကြယ်စင်လေးလည်း ရှက်ပြီးအိမ်ထဲဝင်ကာတံခါးကိုဝုန်းကနဲပိတ်ချလိုက်တယ်။
အိမ်ထဲရောက်တော့လည်း ရင်တွေတလှပ် လှပ်ခုန်ပြီးမောဟိုက်နေတာပေါ့။ စိတ်ထဲကလည်း ကျော်ကြီးမသာကောင် တော်တော်မိုက်ရိုင်းတယ်ဆိုပြီး ဆဲနေတာပေါ့။
ဟုတ်သားပဲ ဟိုကောင်ကျော်ကြီးကလည်းဘာတွေလျှောက်လုပ်မှန်းလည်းမသိဘူး။
ဒါပေမဲ့ ကျော်ကြီးကအလကားလုပ်တာမဟုတ်ဘူး၊ အကြံရှိတယ်။ ဒင်းကမြို့မှာကလိမ်ကကျစ်ပေါင်းစုံတတ်လာတာ။
အာ့နဲ့ ကျော်ကြီးအိမ်ပြန်ရောက်တော့သူ့မိဘတွေကိုပြောတယ်။ သူ့ကို မိန်းမလိုက်တောင်းပေးပါတဲ့။
မြတ်စွာဘုရား
ကျော်ကြီးမိဘတွေလည်း သူတို့သားအ ကြောင်းသိတော့မျက်ခုံးလှုပ်နေတာပေါ့။
ဘယ်သူကိုတောင်းပေးရမှာတုန်းဆိုတော့
" ကြယ်စင် " တဲ့ ။
သူမိဘတွေကတော့ ဒီကောင်ဘာမြွေဖမ်းလာပြီလဲ ဆိုပြီးလန့်နေတာပေါ့။ လန့်မှာပဲ ဟိုကသူကြီးသမီးလေ။ သွားတောင်းတဲ့အချိန်မှ သောက်ပြဿနာတ က်ရင်သူတို့ပါ ကျော်ကြီးနဲ့ရောပြီးထိပ်တုံးခတ်ခံရမှာ။
ဒါပေမဲ့ ကျော်ကြီးကတော့အပိုင်ပြောနေတာပဲ။ သူနဲ့ကြယ်စင်နဲ့ လွန်လွန်ကျူးကျူးတွေဖြစ်ပြီးကုန်ပြီတဲ့ ။ အာ့ကြောင့်အမြန်လိုက်တောင်းပေးပါ၊ ကြာရင်တ စ်ပူပေါ်နှစ်ပူဆင့်ပြီးအရှက်ရစရာတွေဖြစ်ကုန်မယ်တဲ့။
အာ့ဆိုရင်တော့ မဖြစ်ချေဘူးဟ ဆိုပြီး သူ့မိဘတွေလည်း ရွာထဲကလူကြီးတွေခေါ်ကာ သူကြီးအိမ်ကိုချီတက်ရတော့တာပေါ့။ စိတ်ထဲကတော့ အားလုံးဘုရားတနေကြတယ်။ မျက်စိထဲမှာလည်း ထိပ်တုံးပဲမြင်နေကြတယ်။
" ဟေ့ ဘာလာလုပ်တာလဲ ကွ "
သူကြီးကမေးပြီလေ......။
သူ့အိမ်ရှေ့မှာ လူတွေစုရုံးရုံးနဲ့ကန်တော့ပွဲတွေနဲ့ဆိုတော့ သူကြီးက ဘုကြည့်ကြည့်ပြီးမေးတော့တာပေါ့။
ကျော်ကြီးအမေလည်း မဝံ့မရဲနဲ့မိန်းမလာတောင်းတာပါ၊ သူကြီးသမီးကြယ်စင်နဲ့ ကျွန် မသားလေးကျော်ကြီးတို့လူငယ်သဘာဝ ချစ် ကြိုက်ကြပြီးလွန်လွန်ကျူးကျူးတွေဖြစ်ကုန်ကြလို့ သားရှင်ပီပီလာတောင်းရတာပါ သူကြီးမင်းရယ်ဆိုပြီးမျက်နှာငယ်လေးနဲ့ပြောလိုက်တော့
" ဘာ ဘာပြောတယ် လွန်လွန်ကျူးကျုး ဟုတ်စ "
သူကြီးလည်း ဒေါသထွက်နေပေမဲ့ လက်လွတ်စပယ်တော့ မဝုန်းရဲဘူး။ ကျော်ကြီးနောက်မှာ စပ်စုချင်လို့လိုက်လာကြတဲ့ရွာထဲလူတွေက မနည်းဘူးလေ။
အာကြောင့် အားလုံးကိုအိမ်ထဲခေါ်ပြီးသားရေး သမီးရေးဆွေးနွေးရတော့တာပေါ့။စိတ်ထဲကတော့ ဟုတ်ရင်ဟုတ်ပေါ့ကွာ မဟုတ်လို့ကတော့ တစ်မိ သားစုလုံးထိပ်တုံးစာကျွေးပစ်မယ်ပေါ့။
" ကဲ ! ပြောစမ်း ဘာတွေဘယ်လိုလွန်ကျူးကြတာလဲ "
ကျော်ကြီးက လူပါး။ သူကိုယ်တိုင်မပြောဘူး
" ဖေဖေ့သမီးကိုသာမေးကြည့်ပါတော့ဗျာ " တဲ့..။
အံမယ် ငါ့များဖေဖေတဲ့။
သူကြီးလည်းစိတ်ထဲတော့ ဖုနေပြီ။ ဟို မချိုမချဉ်ကောင်ကျော်ကြီးကို။
" ကဲ ! ပြောစမ်း ငါ့သမီး "
" ညီးနဲ့ ကျော်ကြီး လွန်ကျူးကြပြီးပြီဆို "
ကြယ်စင်လေးလည်းရှက်ပြီးမွှန်နေပြီ။ လူတွေကြားထဲဆိုတော့ဖြေမိဖြေရာ
" မဟုတ်ပါဘူး အဖေရဲ့ ကျော်ကြီးက
သမီးသေးပေါက်တဲ့နေရာကို လုပ်တာပါ "
" ဘာ သေးပေါက်တဲ့နေရာမလုပ်လို့ နင့်နှဖူးတက်လုပ်ရမလား "
" ငါ ထ ကန်လိုက်လို့ နင်သေတော့မယ် "
သူကြီး မျက်နှာကြီးနီရဲနေပြီ။
" မဟုတ်ဘူး အဖေ အိမ်နောက်ဖေးမှာ "
" တော်စမ်း အိမ်နောက်ဖေးမှာမလုပ်လို့ ဧည့်ခန်းထဲခေါ်လုပ်ခံချင်လို့လား "
" မြေ မြေကြီးပေါ်မှာ "
" တိတ် ! ဘာမှဆက်မပြောနဲ့ "
" မြေကြီးပေါ်မလုပ်လို့ ဘုရားစင်ပေါ် ......."
" ငါ ငါကွာ ဆက်ပြောရင်မကောင်းဖြစ်ရော့မယ် "
" ကဲ့ ငါ့မိန်းမရေ မင်းသမီးကတော့ ငါတို့မျက်နှာကို အိုးမဲသုတ်ပြီ "
သူကြီးကတော်လည်း ယောင်ချာချာတွေဖြစ်ပြီးသူ့မျက်နှာ သူပြန်ပွတ်နေတယ်။
ကျော်ကြီးမွှေးတဲ့မီးကတော့ တဝုန်းဝုန်းပဲ ။
သူကြီးကဆက်ပြောတယ်။
" အဲ့တော့ မင်းသမီးကို ဟိုအကောင်နဲ့သာ
ပေးစားလိုက်တော့ ကွာ " ဆိုတော့
သကောင့်သားကျော်ကြီးလည်း ဖင်ဘူး တောင်းထောင်ပြီးကုန်း ကန်တော့တာပဲ
" ကျေးဇူးပါ ဖေဖေသူကြီး 🤪"
Post a Comment