ပတ်စ်ပို့(မြန်မာနိုင်ငံကူးလက်မှတ်) Online Booking စနစ်သစ် ပြုလုပ်ခြင်းလမ်းညွှန်
ပတ်စ်ပို့(မြန်မာနိုင်ငံကူးလက်မှတ်)
✅အသစ်လျှောက်ထားလိုသူများ
✅သက်တမ်းတိုးလိုသူများ
✅ပျောက်ဆုံး၊ ပျက်စီး၍ အသစ်ပြန်လုပ်လိုသူများ
ဖေဖော်ဝါရီ (၂၄)ရက်၊ ၂၀၂၃ နေ့မှစတင်၍
www.passport.gov.mm ဝက်ဆိုဒ်တွင် Online Appointment ရယူနိုင်ပြီ ဖြစ်ပါသည်။
❗ Online Booking စနစ်သစ်တွင် ယခင် ရယူထားသော Online Booking များ ပယ်ဖျက်လိုက်ပြီဖြစ်၍ ယခင် QR Code ရယူထားပြီးသူများ Online Booking အသစ် ပြန်လည်ရယူရမည်ဖြစ်ပါသည်။
❗ပတ်စ်ပို့ သက်တမ်းတိုးလိုသူများ စာအုပ် ရေစိုပျက်စီးခြင်း၊ စုတ်ပြဲခြင်းများဖြစ်နေပါက ပျောက်ဆုံး၊ ပျက်စီးစာရင်းဝင်သွားမည်ဖြစ်ပါသည်။
❗ပတ်စ်ပို့ ကိုယ်ရေးမှတ်တမ်းထိန်းသိမ်းရန်လျှောက်လွှာဖောင်အား Online Booking ရယူရာတွင် တစ်ပါတည်း ဖြည့်စွက်နိုင်သလို အခက်အခဲရှိပါက လျှောက်လွှာဖောင်တွင် လက်ရေးဖြင့်ကိုယ်တိုင်ဖြည့်၍ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ တင်ပြလျှောက်ထားနိုင်ပါသည်။
❗ Online Booking စနစ်သစ်တွင် ငွေပေးချေမှုအား KBZ Pay, E-Commerce အသုံးပြုနိုင်သော MPU ဘဏ်ကတ်များဖြင့် ပေးချေရမည်ဖြစ်ပါ
သည်။
#ပတ်စ်ပို့
#မြန်မာနိုင်ငံကူးလက်မှတ်
Post a Comment